Myanmar မှာ ဝက်ဆိုက်
ယူနန်ပြည်နယ် Quinoa စက်မှုလယ်ယာလုပ်ငန်း တဖြည်းဖြည်း တိုးတက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မြှင့်တင်လာနိုင်တော့မည်

  ယူနန်ကုန်းမြှင့်ဒေသရှိ Quinoa ဂျုံကို စက်မှုလယ်ယာအဖြစ်ထုတ်လုပ်နိုင်ရန် ဖော်ဆောင်လျက်ရှိရာ အကျိုး ဖြစ် ထွန်းလျက်ရှိနေပြီး ၎င်းဒေသ၏ Quinoa စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ Quinoa စိုက်ပျိုး ရေးသည် နိုင်ငံတော်အဆင့် ဦးစားပေးသည့် စားနပ်ရိက္ခာ ထုတ်ကုန်အထိဖြစ်လာနိုင်ရုံသည်သာမက ထိုမှတဆင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသ ဇီဝအရင်းအမြစ် မဟာဗျူဟာဖော်ဆောင်ရေး၏ ဦးတည်ချက်တစ်ခုလည်း ဖြစ်လာ နိုင်တော့မည် ဖြစ်သည်။ ဒေသန္တရလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ပြီး ၎င်းဒေသအတွက် လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စီးပွားရေး တိုးတက်မှုတို့အတွက် အလွန်အရေးပါသော သက်ရောက်မှုများ ရှိလာတော့မည်ဖြစ်သည်။

  Quinoa အပင်ကို စိုက်ပျိုးလာသည်မှာ နှစ်ပေါင်း ၇၀၀၀ကျော် သမိုင်းရှိခဲ့ပြီဖြစ်သည်။ မူလထွက်ရှိသောဒေသမှာ အင်ဒီးစတောင်တန်းဒေသဖြစ်ပြီး ကုလသမဂ္ဂစားနှပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FOA) မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာ ရေးအာဟာရဖြစ်အစားအစာ (၁၀)မျိုးတွင်ပါဝင်သည့် သီးနှံတစ်မျိုးအဖြစ် သတ်မှတ်ခဲ့သည်။ တရုတ်နိုင်ငံသည် မူလ ထွက်ရှိဒေသမှ လွဲ၍ Quinoa စိုက်ပျိုးမှုဧရိယာအများဆုံးသော နိုင်ငံဖြစ်သည်။ လုပ်ငန်းဈေးကွက် အလားအလာ ကောင်းမွန်ပြီး Quinoa သီးနှံ၏ တရုတ်နိုင်ငံတိုးတက်မှုလုပ်ငန်းစဉ်မှာ အလွန်လျင်မြန်လှသည်။ မကြာ သေးမီနှစ် များတွင် Quinoa သီးနှံသည် အဆင့်မြှင့်ပြီး ကျန်းမာရေး အစားအစာအဖြစ် စားသောက်ဆိုင်များတွင် ရေပန်းစား လာခဲ့သည်။ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်း ဤအစားအစာသစ်ကို စတင်အသုံးပြုလာကြသည်။ ထို့ပြင် တရုတ်နိုင်ငံ အနောက်ဘက်ပိုင်းတွင် Quinoa သီးနှံလုပ်ငန်း ဖွံ့ဖြိုးရန် သင့်တော်သော တောင်ကုန်းတောင်ကမူ မြေနေရာ ထောင်နှင့်ချီရှိသည်။ မြေနေရာဒေသကို အကျိုးရှိစွာ အသုံးပြု၍ လုပ်ငန်းကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း သည် တရုတ်နိုင်ငံ အစားအသောက်လုံခြုံမှုနှင့် စားနပ်ရိက္ခာခါပြတ်တောက်မှု အခြေအနေကို ဖြေလျှော့နိုင်သော လမ်း ကြောင်းဖြစ်ကြောင်း သိရသည်။

  www.1nongjing.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐