
၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဆန်စပါးအဓိကထွက်သော ဒေသများတွင် အနိမ့်ဆုံးဈေးနှုန်းဖြင့် ဝယ်ယူသော မူဝါဒကို ဖော်ဆောင်လျက်ရှိသည်။ စားနပ်ရိက္ခာထုတ်လုပ်မှုကုန်ကျစရိတ်၊ ဈေးကွက် ဝယ်လိုအားနှင့် ရောင်းလိုအား၊ ပြည်တွင်းပြည်ပဈေးကွက် ဈေးနှုန်းနှင့် လုပ်ငန်းဖွံ့ဖြိုးမှု စသည်အချက်များကို ထည့်သွင်းစဉ်းစားကာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ အတည်ပြုခွင့်ပြုချက်ဖြင့် ၂၀၁၈ခုနှစ်ထုတ်လုပ်သော ကောက်စော Indica ဆန်စပါး၊ ကောက် လတ် Indica ဆန်စပါး နှင့်ကောက်နှောင်းစပါး Indica ဆန်စပါး၏ အနည်း ဆုံးဝယ်ဈေး မှာ ၅၀ ကီလိုဂရမ်လျှင် ကောက်စောဆန်စပါး ၁၂၀ယွမ်ငွေ၊ ကောက်လတ် ဆန်စပါးမှာ ၁၂၆ ယွမ်ငွေ၊ ကောက်နှောင်းဆန်စပါးမှာ ယွမ်ငွေ ၁၃၀ဖြစ်ပြီး ၂၀၁၇ခုနှစ်ထက် ၁၀ယွမ် ၊ ၁၀ယွမ် ၊ ၂၀ယွမ်ဟူ၍ ဈေးအသီး သီးနိမ့်ကျခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုကော်မရှင်မှ သိရှိရသည်။
လက်ရှိကာလသည် နွေဦးထွန်ယက်စိုက်ပျိုးရေးကြိုတင်ပြင်ဆင်ကာလသို့ ရောက်ရှိနေ၍ ဒေသအနှံ့တွင် စားနပ် ရိက္ခာဝယ်ယူမှု အနိမ့်ဆုံးဈေးနှင့်ပတ်သတ်သော မူဝါဒဖြန့်ဝေလုပ်ငန်း များကို သေချာစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများ စနစ်တကျစိုက်ပျိုးခြင်းနှင့် စားနပ်ရိက္ခာ ထုတ်လုပ် မှုတည်ငြိမ်စွာ တိုးတက်လာရန်အတွက် လမ်းညွှန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသားဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုကော်မရှင်မှတာဝန်ရှိသူမှ ပြောကြား ခဲ့သည်။
www.weibo.com/nongguanjia မှကောက်နုတ်ဖော်ပြသည်။
德宏网(dohong.gov.cn)
联系电话:0692-2111018