မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် သိပံ္ပနည်းပညာဌာန၊ မန်စီ Xifeng စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက် ရေး ကုမ္ပဏီလီမီတက်တို့၏ မိတ်ဆက်ပြောကြားချက်အရ တရုတ်နိုင်ငံ စီချွန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီအ သင်း နှင့် ဖူကျန်ပြည်နယ်စိုက်ပျိုးရေးနှင့် သစ်တော်ရေးရာ တက္ကသိုလ်တို့၏ နည်းပညာပံ့ပိုးမှုဖြင့် မုံကာကျေးရွာအုပ်စု ရွှမ်း ကိုင်ကျေးရွာ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး Morel မှိုစမ်းသပ်စိုက်ပျိုးမှု စီမံကိန်းသည် အောင်မြင်မှု ရလဒ် များ ရရှိခဲ့ကြောင်း သိရသည်။
Morel မှိုသည် စားသုံးနိုင်သော အဖိုတန်ဆေးဖက်ဝင် မှိုတစ်မျိုးဖြစ်သည်။ အမိုင်နို အက်ဆစ် ၁၈မျိုး ပါဝင်ပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးကောင်းကျိုးဖြစ်စေသော အစားအစာဖြစ်သည်။ ဈေးကွက် အလားအလာ အလွန် ကောင်းမွန်ပြီး ဥရောပဈေးကွက်တွင် တစ်ကီလိုလျှင် ယွမ်ငွေ ၅၀၀၀ခန့် ရှိကြောင်း သိရသည်။ ထွက်ရှိလာသော Morel မှိုအားလုံးကို တစ်ကီလိုလျှင် ယွမ်ငွေ ၁၆၀နှုန်းဖြင့် ကုမ္ပဏီမှ ဝယ်ယူ၍ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ် ကြောင်း လက်ရှိထွက်နှုန်းအရ တစ်မိုလျှင် ယွမ်ငွေ ငါးသောင်းခန့်ရရှိနိုင်မည်ဖြစ်ကြောင်း မန်စီ Xifeng စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမီတက်မှ သိရှိရသည်။
www.dhtjb.com မှကောက်နုတ်ဖော်ပြသည်။