ဆူညံသောစက်ကိရိယာသံများအကြားတွသ် ယူနန်ပြည်နယ်၏ ကြံသကြားထုတ်လုပ်မှုသည် နောက်ဆုံး အရေးကြီးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ယူနန်ပြည်နယ်သကြားလုပ်ငန်းအသင်း၏ သတင်းအချက်အလက် သစ် များအရ ဧပြီလ၊ ၁၅ ရက်နေ့အထိ ယူနန်ပြည်နယ်တစ်ခုလုံးတွင် သကြားစက်ရုံ(၁၀)ရုံခန့် လည်ပတ်နေပြီဖြစ်ကြောင်း သိရပါသည်။
အများသတိပြုစိတ်ဝင်စားကြသည်မှာ ယခုနှစ်သကြားကြိတ်ရာသီတွင် သကြားဈေးနှုန်းကျဆင်းခြင်းကြောင့် ကြံစိုက်တောင်သူအ များစုမှာ အစိုးရနှင့်သက်ဆိုင်ရာဌာနများ၏အကြံပြုချက်အောက်တွင် အမျိုးအစားသစ်ဖြင့် လဲ လှယ်ခဲ့ပါသည်။ သို့သော် ဈေးနှုန်း ပြောင်းလဲမှုမှာ ကြံစိုက်တောင်သူများကို စဉ်းစားမှုအသစ်များ ပြန်လည်ဖြစ် ပေါ်စေခဲ့ပါသည်။
အကယ်၍သကြားဈေးနှုန်းဆက်လက်ကျဆင်းနေပါက ယခုနှစ်ကြံစိုက်ပျိုးမှုဧရိယာ လျော့နည်းလာနိုင်ကြောင်း ယူနန်ပြည်နယ် တက်ဟုန်း၊ စစ်ဆောင်ပန်နာ၊ လင်ချန်းစသည့်ဒေသများမှ ကြံစိုက်ပျိုးသူများမှ ပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ပြောကြားချက်အရ ယခင်နှစ်များက ကြံစိုက်ပျိုးတောင်သူအများစုမှ ဈေး ကွက်ဈေးနှုန်းအတိုင်း ကြံဝယ်ယူမှုစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ သို့သော် လက်ရှိ တစ်တန်လျှင် တရုတ်ယွမ်ငွေ(၅၈၀၀) အောက်သို့ကျရောက်နေသည့်သော ဈေးကွက်အခြေအနေကြောင့် ကြံစိုက်ပျိုးသူများအတွက် အကျပ်တွေ့စေလျက် ရှိကြောင်း သိရပါသည်။
www.yunan.cn မှ ကောက်နုတ်ဖော်ပြသည်။