ပုစဉ်းရင်ကွဲမှာ ပရိုတိန်းဓာတ်၊ အာဟာရဓာတ်ပေါကြွယ်ဝကာ သဘာဝ အန္တရာယ်ကင်း အစိမ်း ရောင်အစားအစာ ဖြစ်သည်။ ထို့ပြင် တရုတ်တိုင်းရင်းဆေးဝါးကောင်းတစ်မျိုးဖြစ်ပါသည်။
ပုစဉ်းရင်ကွဲ အင်္ဂါမစုံသေးသောပိုးကောင်ကာလတွင် အရသာကောင်းမွန်မွှေးကြိုင်ပြီး အပူကျတက်နာသက်သာ စေနိုင်သောဂုဏ်သတ္တိများရှိပါသည်။ အင်္ဂါမစုံသေးသောပုစဉ်းရင်ကွဲပိုးကောင်များမှာ အာဟာရကြွယ်ဝပြီး အရသာ ကောင်းမွန်သောကြောင့် ယနေ့ခေတ်တွင် ခေတ်စားလာသော အရသာကောင်းမွန်သည့် အစားအစာ တစ်မျိုးဖြစ် လျက်ရှိကြောင်း သိရပါသည်။
တရုတ်နိုင်ငံစားသောက်ကုန်အာဟာရကောလိပ်၏ သုတေသနတွေ့ရှိချက်အရ (၁၀၀)ဂရမ် အင်္ဂါမစုံသေးသော ပု စဉ်းရင်ကွဲပိုးကောင်များထဲတွင် ပရိုတိန်းဓာတ်(၇၂)ဂရမ်၊ အဆီဓာတ်(၁၅)ဂရမ်၊ ပြာမှုန်ဓာတ်(၁.၈)ဂရမ်ပါဝင်ပါသည်။ ထို့ပြင် လူ့ခန္ဓာကိုယ်အတွင်းမရှိမဖြစ်လိုအပ်သော ကယ်ဆီယမ်၊ ဖော့စဖောရက်၊ သံဓာတ်၊ ဗီတာမင်မျိုးစုံနှင့် ဒြပ်စင်များ ပါဝင်ပါသည်။
၂၀၀၅ ခုနှစ် ပုစဉ်းရင်ကွဲရောင်းဈေးမှာ တစ်ကီလိုလျှင် တရုတ်ယွမ်ငွေ(၃၆)ယွမ်ရှိပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်ယွမ် ငွေ(၅၄-၆၄)ယွမ်အထိဈေးနှုန်းမြှင့်တက်သွားရာ ၂၀၁၂ ခုနှစ်တွင် တစ်ကီလို တရုတ်ယွမ်ငွေ(၆၀-၇၆)ယွမ်၊ ၂၀၁၄ ခုနှစ် တွင် တရုတ်ယွမ်ငွေ(၈၀)အထိ ဆက်လက်မြှင့်တက်လာလျက်ရှိကာ လက်ရှိတစ်ကီလိုရောင်းဈေးမှာ တရုတ်ယွမ်ငွေ (၁၂၀)ယွမ်ခန့်ရှိပါသည်။ (၁၀)နှစ်အတွင်း ပုစဉ်းရင်ကွဲဈေးနှုန်းမှာ တရုတ်ယွမ်ငွေ(၅၀)ခန့်မြှင့်တက်သွားခဲ့ရာ (၅)နှစ်အ တွင်း ဈေးနှုန်းမှာတစ်ဆခန့်တိုးမြှင့်သွားပါသည်။ ထို့ကြောင့် ပုစဉ်းရင်ကွဲမွေးမြူရေးအလားအလာ အလွန်ကောင်း မွန်ကြောင်း သိရပါသည်။
www.cnhnb.com မှ ကောက်နုတ်ဖော်ပြသည်။