မလေးရှားမီဒီယာများ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံမှ အလှကုန်တံဆိပ်တစ်ခုသည် Musang King အလှကုန်စီးရီး ကို ထုတ်လုပ်ခဲ့ရာ ထိုအလှကုန်စီးရင်းထဲတွင် နေရောင်ခြည်ကာကွယ်သောဂုဏ်သတ္တိပါဝင်သည့် ဒူးရင်း သီးအနံ့ရှိ ပန်းဝါရောင်နှုတ်ခမ်းလိမ်းဆေး၊ အဝါရောင် Musang King နှုတ်ခမ်းနီ၊ ဝါညိုရောင် Eye Shadowနှင့် အဝါတောက်တောက် Brightening Powder စသည့်တို့ပါဝင်ပါသည်။ ထုတ်ကုန်မှာ တစ်ကမ္ဘာလုံးတွင် ပထမဆုံး တီထွင်မှုဖြစ်သည်။ အဆိုပါ အလှကုန်တံဆိပ်၏ ပြောဆိုခွင့်ရှိသူမှ ဆန်းသစ်သော၊ ပျော်စဖွယ်ကောင်းသော၊ ရဲဝင့် သောပုံစံဖြင့် အလှကုန်ကို ဖော်ပြလိုကြောင်း၊ မိမိ၏ကိုယ်ပိုင်စတိုင်လ်နှင့် အမျိုးအစားအများအပြားပြောင်းလဲနိုင်မှုကို ဖော်ပြသွားနိုင်ရန်အတွက် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
အချို့သုံးစွဲသူများမှ အလွန်ဆန်းသစ်သည်ဟုယူဆကြပါသည်။ သို့သော် အဝါရောင်ကို အဓိကထားသော အလှ ကုန်မှာ လိုက်လျောညီထွေစွာ တွဲဖက်အသုံးပြုရန် ခက်ခဲနိုင်မည်ဖြစ်သည်။ အလှကုန်အပြင် ထိုအမှတ်တံဆိပ်မှ Musang King ရေမွှေးကိုလည်း ထုတ်လုပ်ခဲ့ပါသည်။ ထိုထုတ်ကုန်၏မိတ်ဆက်မှုအရ Musang King ရေမွှေးမှာ ဒူရင်းပန်းအနံ့ဖြစ်ပြီး စန္ဒကူး၊ စံပယ်ပန်း၊ နှင်းဆီပန်းနှင့် သစ်သီးအမွှေးရနံ့တို့ဖြင့်လည်း ပေါင်းစပ်ထားပြီး တစ်ကြိမ် သုံးစွဲလျှင် (၅)နာရီခန့် အနံ့ခံကြောင်း သိရပါသည်။
www.chinaqw.com မှ ကောက်နုတ်ဖော်ပြသည်။