Myanmar မှာ ဝက်ဆိုက်
တရုတ်ယွမ်ငွေအား ပြည်ပသို့ ငွေလွှဲကာ ပြည်ပငွေကြေး ဝယ်ယူခြင်း မပြုလုပ်ရ

  တရုတ်ပြည်သူ့ဘဏ်မှ မေလ၊ ၃ ရက်နေ့က ထုတ်ပြန်သော တရုတ်ပြည်သူ့ဗဟိုဘဏ်ရုံးခန်း၏ တရုတ်ယွမ်ငွေ ကို စံနှုန်းမီ ပြည်တွင်းအဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူများသည် ပြည်ပတွင် အစုရှယ်ယာ လက်မှတ် ရင်းနှီး မြှုပ်နှံမှုစီမံခန့် ခွဲခြင်းဆိုင်ရာ နည်းဥပဒေကိစ္စရပ်များဆိုင်ရာ အသိပေးကြေညာဖော်ပြချက်အရ တရုတ်ယွမ်ငွေ စံနှုန်း မီရင်းနှီးမြှုပ်နှံသူ ၏ ပြည်ပ ရင်းနှီးမြှုပ်နှံရာတွင် သတိပြုစစ်ဆေးစီမံရမည့်အချက်များနှင့် သတင်းအချက်အလက် တင်ပြ လက်ခံရ မည့် အချက်များ ပါဝင်ကြောင်း သိရသည်။ အသိပေးကြေညာချက်တွင် တရုတ်ယွမ်ငွေစံနှုန်းမီရင်းနှီးမြှုပ်နှံသူမှ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ပါက တရုတ်ယွမ်ငွေအား ပြည်ပသို့ ငွေလွှဲကာ ပြည်ပငွေကြေးဝယ်ယူခြင်းများ မပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရသည်။

  အသိပေးကြေညာချက်တွင် ဖော်ပြချက်အရ တရုတ်ယွမ်ငွေ စံနှုန်းမီရင်းနှင်းမြှုပ်သူမှ ပြည်ပတွင် ရင်းနှီးမြှုပ်နှံခြင်း ဆိုသည်မှာ နိုင်ငံတော်ကောင်စီ၏ဘဏ္ဍာရေးစစ်ဆေးကြီးကြပ်မှုအဖွဲ့အသိအမှတ်ပြုသည့် ပြည်တွင်းဘဏ္ဍာရေးအဖွဲ့ဖြစ် သည်။ ကိုယ်တိုင်ရှိပြီးသားတရုတ်ယွမ်ငွေ ငွေကြေးသို့မဟုတ်ပြည်တွင်းအဖွဲ့အစည်းနှင့် ပုဂ္ဂလိကမှ စုစည်းထားသော တရုတ်ယွမ်ငွေဖြင့် ပြည်ပငွေကြေးဈေးကွက်၏ တရုတ်ယွမ်ငွေဈေးနှုန်းတွက်ချက်မှုဖြင့်(ဘဏ်ငွေကြေးဖြင့် ပြည်ပတွင် အသုံးပြုခြင်းမှအပ)ကို ရင်းနှီးမြှုပ်နှံသွားရမည် ဖြစ်သည်။

  အသိပေးကြေညာချက်တွင် ဖော်ပြချက်အရ တရုတ်ယွမ်ငွေစံနှုန်းမီရင်းနှီးမြှုပ်နှံသူမှ ပြည်ပတွင်ရင်းနှီးမြှုပ်နှံလိုပါ က စည်းကမ်းချက်များအတိုင်းတရုတ်နိုင်ငံပြည်သူ့ဘဏ်၏ ရှန်ဟိုင်းရုံးချုပ်သို့ တရုတ်ယွမ်ငွေ ရင်းနှီးမြှုပ်နှံသူ၏ အခြေခံ အခြေအနေ၊ ဘဏ်စီမံခန့်ခွဲမှု၊ ငွေကြေးအရင်းအမြစ်နှင့် အတိုင်းအတာ၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၊ ငွေကြေးဝင်ထွက်မှု၊ ပြည်ပအစုရှယ်ယာလက်မှတ်အခြေအနေစသည့် သတင်းအချက်အလက်များကို တင်ပြသွားရမည်ဖြစ်သည်။

  တရုတ်ပြည်သူ့ဘဏ်မှ နယ်စပ်ဖြတ်ကျော်ငွေကြေးစီးဆင်းမှုအခြေအနေ၊ ကမ်းလွန်တရုတ်ယွမ်ငွေဈေးကွက်စီး ဆင်းမှုနှင့် တရုတ်ယွမ်ငွေထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေစသည့် အကြောင်းအရင်းမှ တရုတ်ယွမ်ငွေ စံနှုန်းမီ ရင်း နှီးမြှုပ်နှံသူများ ပြည်ပရင်းနှီးမြှုပ်နှံမှုအကောင်အထည်ဖော်ရန်အတွက် သတိထားစီမံခန့်ခွဲမှုများကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  www.people.com.cn မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐