Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံအရည်အသွေးမြင့် ပျားထုတ်ကုန်နည်းပညာတီထွင်ဆန်းသစ်မှုမဟာမိတ်အဖွဲ့တည်ထောင် တရုတ်နိုင်ငံ ပျားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်သွားမည်

  ပျားရည်သည် ကြိုက်နှစ်သက်သူများပြားကာ ကျန်းမာရေးအတွက်အကျိုးပြုသော အစားအစာတစ်မျိုးဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ ပျားလုပ်ငန်းမှာ အကြီးစားမွေးမြူခြင်းမရှိသေးပါ။ မွေးမြူသူအများစုသည် အများအားဖြင့် သီး ခြားမွေးမြူပြီး စနစ်ကျခြင်းမရှိသောကြောင့် အရည်အသွေးမှာလည်း အမျိုးမျိုးရောနှောနေ၍ အတုအပလည်းများပါ သည်။ ထုတ်ကုန်စံနှုန်းအားနည်းလျက်ရှိပါသည်။

  မကြာမီရက်များတွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံကောလိပ် ပျားသုတေသနဌာနမှ ဦးဆောင်ပြီး တရုတ်နိုင်ငံအ ရည်အသွေးမြင့် ပျားထုတ်ကုန်နည်းပညာတီထွင်ဆန်းသစ်မှုမဟာမိတ်အဖွဲ့ကို တည်ထောင်၍ သက်ဆိုင်ရာ စံချိန်စံ ညွှန်းများကို ရေးဆွဲသတ်မှတ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပျားလုပ်ငန်း ကောင်းစွာဖွံ့ဖြိုးတိုးတက်ရန် လမ်းညွှန်ပေး သွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် တီထွင်ဆန်းသစ်မဟာမိတ်အဖွဲ့နှင့် အရည်အသွေးမြင့်တင်သောအထူးစီမံကိန်း သည် သိပ္ပံနည်းပညာတာဝန်ကြီး၏ တိုက်တွန်းခေါ်ဆောင်မှု၊ အားသာသောသုတေသနအရင်းအမြစ်စုစည်းမှု၊ သိပ္ပံပ ညာလည်ပတ်မှုယန္တရားကိုအာမခံမှုစသည်တို့ဖြင့် တရုတ်နိုင်ငံ၏ပျားမွေးမြူမှုနည်းလမ်းကိုမြှင့်တင်သွားကာ အခြေခံမှ စတင်ပြောင်းလဲပြီး ပျားထုတ်ကုန်အရည်အသွေးလုံခြုံမှုကို ဘက်ပေါင်းစုံမှမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

  www.1nongjing.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐