Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် မောင်းသူမဲ့တစ်လိုင်းပြေးရထား ပထမအကြိမ် တင်ပို့ ထိုင်းနိုင်ငံမှ လမ်းကြောင်းနှစ်ကြောင်းမှာယူ

  မကြာမီက CRRC Nanjing Puzhen Co., Ltd လက်အောက်ရှိ PBTS ကုမ္ပဏီသည် ထိုင်းနိုင်ငံဘန်ကောက်မြို့၏ အဝါရောင်လမ်းကြောင်းနှင့် ပန်းရောင်လမ်းကြောင်းအတွက် Straddle-type တစ်လိုင်းပြေးရထားစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီဖြစ်သည်။ PBTS သည် တရုတ်နိုင်ငံတွင် ပထမဆုံး Straddle-type တစ်လိုင်းပြေးရထား တင်ပို့ နိုင်ခဲ့သော ကုမ္ပဏီလုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။

  PBTS ကုမ္ပဏီသည် ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး CRRC Nanjing Puzhen Co., Ltd နှင့် Bombardier Transportation တို့ ဖက်စပ်တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။ PBTS ကုမ္ပဏီသည် တရုတ် နိုင်ငံတွင် ပထမဆုံးသော တစ်လိုင်ပြေးရထားလမ်းကိုသီးသန့်လုပ်ဆောင်သည့် APMရော်ဘာဘီးရထားယာဉ်၏ Systemဒီဇိုင်း၊ ထုတ်လုပ်၊ တပ်ဆင်၊ ရောင်းချသည့် ပရော်ဖက်ရှင်နယ် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီတည်ထောင် သည့်ကာလတစ်လျှောက် ကုမ္ပဏီမှရထားလမ်းသယ်ယူပို့ဆောင်မှုပမာဏစီမံကိန်းအများအပြားကို ရရှိခဲ့ပါသည်။ ထို အနက် ဟောင်ကောင်လေဆိပ် APM၊ ရှိန်းကျိမ့်လေဆိပ် APM၊ ဝူအင်း Straddle-type တစ်လိုင်းပြေးရထားလမ်း ကြောင်း(၁)နှင့် လမ်းကြောင်း(၂)တို့ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ထိုမော်တော်ယာဉ်ကိုအသုံးပြုသော ပြည်တွင်း ပထမဆုံးAPM မောင်းသူတဲ့ ရထားလမ်းကို ရှန်ဟိုင်း ဖူကျန်းလမ်းကြောင်းတွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရ သည်။

  www.comnews.cn မှကောက်နုတ်ဖော်ပြသည်။

新闻推荐