Myanmar မှာ ဝက်ဆိုက်
မှိုမွှေးခြောက်နှင့် ကြွက်နားရွက်မှိုခြောက်များ The Belt and Road စီမံကိန်းတစ်လျှောက် နိုင်ငံများ၌ လူကြိုက်များလာ

  တရုတ်နိုင်ငံ၏ မှိုမွှေးနှင့် ကြွက်နားရွက်မှိုများ၏ထွက်နှုန်းမှာ မကြာမီနှစ်များတွင် လျင်မြန်စွာ တိုးမြင့်လာခဲ့ရာ ဒေသအများစုတွင် ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံကိန်းအဖြစ် ဖော်ဆောင်လျက်ရှိပါသည်။ ထွက်ကုန်ရှိသောကြောင့် ရောင်းချမှုလမ်းကြောင်းသည်လည်း အရေးကြီးလာခဲ့သည်။ ယခုနှစ်တွင် တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုပမာဏ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ မေလ၊ ၃၁ရက်နေ့ တရုတ်နိုင်ငံ ကျိမ့်ကျိုး အကောက် ခွန်ဌာန စာရင်းအင်းများအရ The Belt and Road ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု ဒေသတစ်လျှောက်ရှိ နိုင်ငံများသို့ တင်ပို့မှု မြှင့်တက်နှုန်း အလျင်မြန်ဆုံးဖြစ်ပြီး တိုးတက်မှု ၉၀%အထိရှိကာ အသစ်ထွက်ရှိသော မှိုစည်သွပ်ဗူးမှာ လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။

  တရုတ်နိုင်ငံ ကျိမ့်ကျိုးအကောက်အခွန်ဌာ၏စာရင်းများအရ ယခုနှစ်(၄)လအထိ နန်ရန်မြို့တစ်ခုတည်းမှာပင် ပုဂ္ဂလိကလုပ်ငန်း(၁၀၆)ခုသည် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ရာ တင်ပို့မှ စု စုပေါင်း တန်ဖိုး ပမာဏ တရုတ်ယွမ်ငွေ(၂.၆၉)ဘီလီယံရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် တင်ပို့မှုထုတ်ကုန်တွင် မှိုမွှေးခြောက်တင်ပို့မှု(၁)ဆခန့်တိုးမြင့်လာခဲ့ပြီး ကြွက်နားရွက်ခြောက်တင်ပို့မှုပမာဏ ၆၁.၇%ခန့် တိုးမြင့်လာခဲ့ကာ ထုတ်ကုန်သစ်ဖြစ်သော မှိုစည်သွတ်ဗူးတင်ပို့မှု(၂)ဆခန့်အထိ တိုးမြင့်လာခဲ့ကြောင်း သိရပါသည်။

  www.moa.gov.cn မှကောက်နုတ်ဖော်ပြသည်။

新闻推荐