ယူနန်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ ရော်ဘာထုတ်လုပ်မှုဝန်ဆောင်မှုစင်မြင့်ကို တည်ထောင်သွားမည်ဖြစ် ကာ ရော်ဘာထုတ်လုပ်မှုလုပ်ငန်းတွင် တည်ရှိသော ရှုပ်ထွေးခြင်း၊ ပြန့်ကျဲခြင်း၊ အားနည်းခြင်းစသည့် ပြဿနာများကို ဖြေရှင်းပေးသွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ ရော်ဘာ ထုတ်လုပ်မှုလုပ်ငန်း ယှဉ်ပြိုင် စွမ်းအားကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် နိုင်ငံတကာရော်ဘာကုန်သွယ်ရေး စင်တာမှ သိရပါ သည်။
ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ရော်ဘာကုန်သွယ်ရေးစင်တာ အထွေထွေမန်နေဂျာ ဝမ်ကျော်၏ မိတ်ဆက် ပြောကြားချက်အရ မဟာမဲခေါင်ဒေသခွဲ ရော်ဘာထုတ်လုပ်မှုဝန်ဆောင်မှုစင်မြင့်မှ ဗီယက်နမ်၊ လာအို၊ မြန်မာ သုံး နိုင်ငံတွင် ကုန်သွယ်ရေးစင်မြင့်ရုံးခွဲကို ပူးပေါင်းတည်ထောင်သွားမည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများမှ ကုန်ကြမ်း ကုန် သွယ်ရေး၊ ကုန်ကြမ်းထောက်ပံ့မှုကွင်းဆက်နှင့် ထုတ်ကုန်ကုန်သွယ်ရေးပုံစံကို ပူးပေါင်းမျှဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရော်ဘာထုတ်လုပ်မှုလုပ်ငန်းအစောပိုင်းကာလ ရော်ဘာစိုက်ပျိုးသူများသည် ဈေးကွက်အချက်အလက် မကိုက် ညီခြင်းများနှင့် ကြုံတွေ့နေရပြီး မြေယာရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုအချိုးအစားကိုက်ညီမှုမရှိခြင်းများကို ကာလ ရှည်ကြာစွာ တွေ့ကြုံခဲ့ရသည်။ ထို့အပြင် ရော်ဘာလုပ်ငန်းမှ ဈေးကွက်လက်ငင်း ကုန်စည် ကုန်သွယ်မှု သတင်း အချက်အလက်များရရှိခြင်း၊ ကုန်စည်လုံခြုံရေးနှင့် အရည်အသွေးအာမခံမှုနည်းခြင်း၊ ငွေပေးချေမှုအာမခံ နည်းခြင်း စသည့် ပြဿနာများ ရှိကြောင်း သိရပါသည်။
မကြာသေးမီနှစ်များက တစ်ကမ္ဘာလုံးရှိ သဘာဝရော်ဘာ ထွက်ရှိမှုပမာဏနှင့် သုံးစွဲမှုပမာဏ အဆက်မပြတ် မြှင့်တက်လာခဲ့သည်။ နိုင်ငံတကာရော်ဘာသုတေသနအဖွဲ့၏ ကိန်းဂဏန်းစာရင်းများအရ ၂၀၁၇ ခုနှစ် တစ်ကမ္ဘာလုံး သဘာဝရော်ဘာ နှစ်စဉ်ထွက်ရှိမှုပမာဏ တန်ချိန်(၁၃၂.၇)သိန်းရှိပြီး ကာလတူထက် ၆.၈% မြှင့်တက်ခဲ့သည်။ သုံးစွဲ မှုတန်ချိန် (၁၃၀.၃)သိန်းရှိပြီး ကာလတူထက် ၃.၅%မြှင့်တက်ခဲ့ကြောင်းသိရပါသည်။
ယခင်က ယူနန်အပြည်ပြည်ဆိုင်ရာ ရော်ဘာကုန်သွယ်ရေးစင်တာသည် e-commerce + ပေးသွင်းမှုကွင်းစက် ဝန်ဆောင်မှု+ ကုန်စည်စီးဆင်းခြင်းဝန်ဆောင်မှု ရော်ဘာစီးဆင်းမှုစနစ်ကို ဖန်တီးတည်ဆောက်ခဲ့ပြီး လုပ်ငန်းကွင်း ဆက် အစပိုင်းနှင့် အဆုံးပိုင်း ငွေပေးချေမှု၊ ငွေကြေးစုစည်းမှု၊ ကုန်ကြမ်းနှင့်ကုန်ပစ္စည်းများဝယ်ယူရောင်းချမှုများကို ပေါင်းစပ်ထားသော Big Data ပလက်ဖောင်းကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။
၁၉၉၂ ခုနှစ် အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်မှ မဟာမဲခေါင်ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုယန္တရားကို စတင် လုပ်ဆောင်ခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ရည်ရွယ်ချက်မှာ မဟာမဲခေါင်ဒေသခွဲ နိုင်ငံတော် စီးပွားရေး ချိတ်ဆက်မှုတိုးမြှင့်ရန်အတွက်ဖြစ်ပြီး ဒေသခွဲ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်တက်ရန်ဖြစ်ကြောင်း သိ ရပါသည်။
www.xinhuanet.com မှကောက်နုတ်ဖော်ပြသည်။