၂၀၁၇ခုနှစ် တရုတ်နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုပမာဏတန်ချိန် (၃.၅၄၄)သန်းရှိပြီး ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၄.၈၉)ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ ယူနန်ပြည်နယ်၏သစ်သီးထုတ်ကုန် နှင့်အခြား ထုတ်ကုန် တင်ပို့မှု တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၆၁)ဘီလီယံရှိပြီး တစ်နိုင်ငံလုံး တင်ပို့မှု၏ ၃၃% ရှိကာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်မြို့ များတွင် ပထမနေရာ ရရှိယူထားကြောင်း သိရပါသည်။ ၂၀၂၀ ခု နှစ်တွင် ယူနန်ပြည်နယ် အရည်အသွေးမြင့် သစ်သီး ဝလံ စိုက်ပျိုးမှုဧရိယာ မိုပေါင်း(၈၅)သိန်းအထိတိုးချဲ့ကာ စုစုပေါင်းပမာဏတန်ချိန် (၉)သန်းခန့်ထွက်ရှိရန်နှင့် ဘက် စုံ အထွက်နှုန်းတန်ဖိုး တရုတ်ယွမ်ငွေ ၆၀ဘီလီယံအထိ ရရှိရန် ကြိုးပမ်းသွားမည်ဟု ယူနန်ပြည်နယ် စိုက်ပျိုးရေးဌာနမှ သိရပါသည်။
ယူနန်ပြည်နယ်၏ နေ့ညအပူချိန် ပြောင်းလဲ ကွာဟမှုမြင့်မားခြင်းနှင့် အကျိုးသက်ရောက်မှုရှိသည့် အပူချိန် မြင့်မားသောရာသီဥတုအခြေအနေကြောင့် သစ်သီးဝလံများ သည် တစ်မူထူးခြားသော အရည်အသွေးနှင့် အားသာ ချက်များကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ သစ်သီးများမှာ အရောင်တောက်ပခြင်း၊အသားနုခြင်း၊ အရည်ရွမ်းခြင်း၊ အရသာ ကောင်းမွန်ခြင်း၊ ဗီတာမင်စီပါဝင်မှုမြင့်ခြင်းစသည့် အားသာချက်များပါရှိကြောင်း၊ လက်ရှိ ယူနန်ပြည်နယ်တွင် စိုက်ပျိုးမှု ဧရိယာ မိုပေါင်း(၅)သိန်းကျော်လွန်နေပြီဖြစ်သော သစ်သီးများမှာ ငှက်ပျော၊ လိမ္မော်ချို၊ သစ်တော်၊ သရက်၊ ပန်းသီး၊ မက်မွန်၊ စပျစ် စသည့်သစ်သီးများ တို့ဖြစ်ကြောင်း၊ ထို့အပြင် လေချူ၊ သရက်၊ တရုတ်နှင်းသီး၊ နှင်းသီး(လုံဂင်သီး)၊ သလဲ၊ ဘေဘာရီသီး၊ သင်္ဘော၊ နာနတ်၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ ကီဝီနှင့် ထောပတ်စသည့် သစ် သီးဝလံအမျိုးအစား (၃၀) ကျော်ကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ယူနန်ပြည်နယ် စိုက်ပျိုးရေးဌာန တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရပါသည်။
www.kunming.cn မှကောက်နုတ်ဖော်ပြသည်။