Myanmar မှာ ဝက်ဆိုက်
တစ်ကမ္ဘာလုံးသကြားထောက်ပံ့မှု အများအပြားကျန်ရှိနေ

  ၂၀၁၇-၂၀၁၈ကာလတွင် အိန္ဒိယ၊ ထိုင်း၊ အီးယူနိုင်ငံတို့၏ သကြားထွက်နှုန်းအများအပြားမြှင့်တက်လာလျက်ရှိ ကာ တစ်ကမ္ဘာလုံးဈေးကွက်တွင် အများအပြားကျန်ရှိလျက်ရှိပြီး အနာဂတ်တစ်ကမ္ဘာလုံးသကြားဈေးကွက်ထောက်ပံ့မှု အခြေအနေမှာ ယခင်ကဘရာဇီးတစ်နိုင်ငံတည်းရယူထားရာမှ နောက်ပိုင်းတွင် အိန္ဒိယ၊ ထိုင်းနှင့် ဘရာဇီးတို့မှ အတူတ ကွရယူထောက်ပံ့သွားနိုင်ကြောင်း သိရပါသည်။

  အမေရိကန် စိုက်ပျိုးရေးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၈ ခုနှစ် တစ်ကမ္ဘာလုံးသကြားကျန်ရှိမှုမှာ တန် ချိန်(၁၆၉၃)ရှိပြီဖြစ်ပြီး ရာသီကုန်ဆုံးချိန်တွင် သိုလှောင်မှုပမာဏမှာ ယခင်နှစ်တန်ချိန်(၄၁.၉၈)သန်းမှ ယခုနှစ်တွင် (၄၉.၅၂)သန်းအထိ မြှင့်တက်ခဲ့ပါသည်။ အသေးစိတ်အားဖြင့် ၂၀၁၈ ခုနှစ် သကြားထောက်ပံ့မှုသိသိသာသာကျန်ရှိ သောနိုင်ငံနှင့်ဒေသများမှာ ဘရာဇီး(တန်ချိန် ၂၈.၂၇ သန်း)၊ ထိုင်း (တန်ချိန် ၁၁.၁ သန်း)၊ အိန္ဒိယ(တန်ချိန် ၅.၉၄ သန်း)၊ သြစတြေးလျ(တန်ချိန် ၃.၅ သန်း)၊ အီးယူ(တန်ချိန် ၂.၃၅ သန်း)၊ ပါကစ္စတန် (တန်ချိန် ၂.၀၂၅ သန်း)၊ မက္ကစီကို (တန်ချိန် ၁.၃၁၈ သန်း)စသည်တို့ဖြစ်ပါသည်။ ပိုလျှံမှုပမာဏမှာ တန်ချိန် (၅၅.၅၄)သန်းဖြစ်ပါသည်။ အဓိကထွက်ရှိ သော နိုင်ငံများအနက် ထောက်ပံ့မှုပမာဏနှင့် လိုအပ်မှုပမာဏကွာဟမှုရှိခြင်း အလွန်နည်းပါးပြီး တရုတ်နိုင်ငံ၏ ကျန် ရှိသောပမာဏမှာ တန်ချိန်(၅.၄၅)သန်း၊ အင်ဒိုနီးရှား၏ ကျန်ရှိမှုပမာဏမှာ တန်ချိန်(၄.၄)သန်း၊ အမေရိကန်နိုင်ငံ၏ ကျန်ရှိမှုပမာဏမှာတန်ချိန်(၂.၉၂၉)သန်းဖြစ်ပါသည်။၂၀၁၈ခုနှစ်ထောက်ပံ့မှုနှင့်လိုအပ်မှုပမာဏကွာဟမှုစုစုပေါင်း တန် ချိန်မှာ(၁၇.၇၈)သန်းခန့်ဖြစ်ပါသည်။၂၀၁၈ခုနှစ် တစ်ကမ္ဘာလုံးသကြားအဓိက ထွက်ရှိမှုဒေသ၏ ကျန်ရှိမှုခန့်မှန်းပမာဏ မှာ (၄၂.၇၆)သန်းခန့်ဖြစ်ကြောင်း သိရပါသည်။

  တစ်ကမ္ဘာလုံးသကြားစားသုံးမှုအများအပြားကျန်ရှိမှုဖြေရှင်းရန်အတွက် ဘရာဇီးသကြားစက်ရုံမှ ကြံမှသကြား ထုတ်လုပ်မှုကို လျော့နည်းသွားမည်ဖြစ်ကာ သကြားထွက်ရှိမှုပမာဏကို လျှော့ချသွားမည်ဖြစ်သည်။ အိန္ဒိယနှင့် ထိုင်း နိုင်ငံတို့မှ သကြားအား ချက်အရက်အဖြစ်သို့လုပ်ဆောင်ရန် နည်းလမ်းရှာဖွေလျက်ရှိပါသည်။ အိန္ဒိယအစိုးရမှ မ ကြာမီ တွင် တန်ချိန်သိန်း(၃၀)ခန့် သိုလှောင်နိုင်သော သကြားသိုလှောင်ရုံကို ဆောက်လုပ်သွားမည်ဖြစ်သည်။ USDA ၏ ခန့်မှန်းမှုအရ ၂၀၁၉ ခုနှစ် ဘရာဇီး၊ ပါကစ္စတန်၊ အီယူ၏ သကြားထောက်ပံ့မှု အများအပြားကျန်ရှိမှုမှာ လျော့နည်း သွား မည်ဖြစ်သည်။ သို့သော် အိန္ဒိယ၊ ထိုင်းနိုင်ငံ၏ ကျန်ရှိမှုပမာဏမှာမူ ဆက်လက်မြှင့်တက်နေမည်ဖြစ်သည်။ သကြား အဓိကထုတ်လုပ်သောနိုင်ငံ၏ သကြားကျန်ရှိမှုမှာ ကာလတူဖြင့်နှိုင်းယှဉ်ပါက တန်ချိန်(၆၀)သိန်းမှ (၃၆၇.၇)သိန်းအထိ အနည်းငယ်ကျဆင်းသွားမည်ဖြစ်သည်။ ဤပိုလျှံသော သကြားများမှာ အခြားသကြားမထုတ်လုပ်နိုင်သောနိုင်ငံ သို့မ ဟုတ် ထုတ်လုပ်မှုပမာဏနည်းသောနိုင်ငံသို့ တင်ပို့သွားရန် လိုအပ်ကြောင်း သိရသည်။

  www.ynsugar.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐