Myanmar မှာ ဝက်ဆိုက်
ကမ္ဘာ့တစ်ဝန်းရှိ အဓိကစိုက်ပျိုးရေးထွက်ကုန်များ အနာဂတ်(၁၀)နှစ်အတွင်း ဈေးနှုန်းနိမ့်ကျမည်ဖြစ်

  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့တို့မှ ပူးပေါင်း ရေးဆွဲ ထားသော ၂၀၁၈-၂၀၂၇ ခုနှစ် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု နှစ်ပတ်လည်အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရှိ စိုက်ပျိုးရေး ထွက်ကုန်အများစုမှာ တည်ငြိမ်စွာ မြှင့်တက်လာမည်ဖြစ်ပြီး ကောက်ပဲသီးနှံ၊ အသား၊ နို့ထွက်ပစ္စည်းနှင့် ငါးအမျိုးအစား တို့၏ ထွက်နှုန်းမှာ ၂၀၁၇ ခုနှစ်တွင် စံချိန်သစ်တစ်ခုသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထိုအနက် ကောက်ပဲသီးနှံသို လှောင်မှုအဆင့်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာမည်ဖြစ်သည်။ အစီရင်ခံစာအရ ကမ္ဘာတစ် ဝန်းရှိ စိုက်ပျိုးရေးထွက်ကုန်နှင့် စားနပ်ရိက္ခာလိုအပ်ချက်မြှင့်တက်မှု အားနည်းမှုများရှိလာမည်ဖြစ်ပြီး သို့သော် ထို ဌာန ၏ထုတ်လုပ်မှုမှာမူ ဆက်လက်မြင့်တက်နေမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်(၁၀)နှစ်တွင် အဓိကစိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းမှာ အနိမ့်နေရာတွင် ရှိနေမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

  လူဦးရေးတိုးများမှုကျဆင်းလာခြင်း၊ အဓိကစားသောက်ကုန်စားသုံးမှုမျှတခြင်းနှင့် အသားထွက်ကုန်လိုအပ် ချက် မြှင့်တက်မှုနှေးကွေးလာခြင်းတို့ကြောင့် တစ်ကမ္ဘာလုံးလိုအပ်မှုအားနည်းသောအခြေအနေမှာ အနာဂတ် (၁၀)နှစ်တွင် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ အသားအမျိုးအစား ထုတ်ကုန် လိုအပ်ချက်မြှင့်တက်မှု ကျဆင်းလာခြင်းကြောင့် တိရိစ္ဆာန် ကျွေးစားအတွင်းရှိ ကောက်ပဲသီးနှံနှင့် ပရိုတိန်းမှုန့်၏ လိုအပ်ချက်ကို ချုပ်ထိန်းပေးသွားနိုင်မည် ဖြစ်သည်။ စား သုံးမှုနှင့် ထုတ်လုပ်မှုမြှင့်တက်ခြင်း နှေးကွေးလာသည်နှင့်အမျှ တစ်ကမ္ဘာလုံးစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း ကုန်သွယ်ရေး မြှင့်တက်နှုန်းမှာ ယခင်(၁၀)နှစ်၏တစ်ဝက်ခန့်ရှိမည်ဖြစ်သည်ဟု ခန့်မှန်းထားပါသည်။ထိုအနက် ဧရိယာ ကျယ်ဝန်း သောနိုင်ငံနှင့်ဒေသရှိ ကောက်ပဲသီးနှံ အသားတင်တင်ပို့မှုမှာ တိုးများလာမည် ဟုခန့်မှန်းထားပါသည်။ လူဦးရေတိုးများ မှုလျင်မြန်သောနိုင်ငံများတွင် အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ ဆာဟာရာတောင်ပိုင်းဒေသနှင့် အာရှနိုင်ငံများတွင် အသားတင် တင်သွင်းမှုပမာဏမှာ တိုးမြှင့်လာမည်ဖြစ်ကြောင်း သိရပါသည်။

  ဇီဝလောင်စာများထုတ်လုပ်ရာတွင် အသုံးပြုသော ကောက်ပဲသီးနှံဆီနှင့် သီးနှံဆီ၏ လိုအပ်ချက်မှာ ခန့်မှန်းကာလ အတွင်း ပြောင်းလဲမှုမရှိပါ။ လွန်ခဲ့သော(၁၀)နှစ်အတွင်း ဇီဝလောင်စာတိုးချဲ့မှုသည် တန်ချိန်သန်း(၁၂၀)ကျော်ရှိသော ပြောင်းနှင့် အခြားကောက်ပဲသီးနံလိုအပ်မှုများကို တိုးမြှင့်စေမည်ဖြစ်သည်။ သို့သော်တချို့သော ဖွံ့ဖြိုးတိုင်းပြည်များ၏ တည်ဆဲပေါ်လစီများက ဇီဝလောင်ဆာတိုးချဲ့မှုကို အားမပေးသောကြောင့် လိုအပ်ချက်တိုးမြှင့်မှုအများစုမှာ ဇီဝ လောင် စာကို အသုံးပြုရန်အာပေးသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရရှိမည်ဖြစ်သည်။ ဇီဝလောင်ဆာဆီထုတ်လုပ်ရန်အသုံးပြုသော ကြံ၏လို အပ်ချက်တိုးမြှင့်မှုမှာ ပို၍သိသာလာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

  www.ce.cn မှကောက်နုတ်ဖော်ပြသည်။

新闻推荐