ကျီလင်တက္ကသိုလ် ဓာတုဗေဒကောလိပ်မှ အဖွဲ့သည် နိုင်ငံတကာတွင် ပထမဦးဆုံးစပါးခွံအသုံးပြုကာ စွမ်းဆောင် ရည်မြင့် ဘက်ထရီထုတ်လုပ်သည့် ဘက်ထရီအဆင့်ကာဗွန်ပစ္စည်းကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဤကာဗွန် ပစ္စည်းဖြင့် စွမ်းရည်မြင့်ခဲ-ကာဗွန်ဘက်ထရီကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ၎င်း၏စွမ်းဆောင်ရည်မှာ နိုင်ငံတကာအဆင့်သို့ ရောက်ရှိပြီဖြစ်သည်။ လက်ရှိ ထိုသုတေသနရလဒ်သည် တန်ချိန်ရာကျော် အကြီးစားလျှပ်သိုကာဗွန်နှင့် တန်ချိန် ထောင်ကျော် ဘက်ထရီကာဗွန် ထုတ်လုပ်လိုင်းများကို ဆောက်လုပ်သွားနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံကျီ လင် တက္ကသိုလ်မှ သိရပါသည်။
၂၀၀၅ ခုနှစ် သိပ္ပံပညာရှင်များက ခဲအက်စစ်ဘက်ထရီနှင့် အကြီးစားလျှပ်သိုစက်တို့ကိုပေါင်းစပ်ကာ စူပါဘက်ထရီ (ခဲ-ကာဗွန်ဘက်ထရီ)ကို တီထွင်ခဲ့ပါသည်။ သာမန်ခဲ-အက်စစ်ဘက်ထရီနှင့်မတူဘဲ ၎င်း၏စွမ်းဆောင်ရည်စံနှုန်းမှာ သိ သာစွာမြှင့်တက်လျက်ရှိပါသည်။ လက်ရှိနိုင်ငံတကာခဲအက်စစ်ဘက်ထရီကဏ္ဍ၏ ရေပန်းစားနေသောသုတေသနဖြစ် ပါသည်။ (၁၀)နှစ်ကျော်ကြိုးပမ်းမှုအောက်တွင် ၄င်းအဖွဲ့သည် ဇီဝသက်ရှိဖြင့်ပြုလုပ်ထားသော စပါးခွံအခြေခံ လျှပ်သို ကာဗွန်၏ အစိမ်းရောင်ထုတ်လုပ်လက်မှုပညာ၊ စပါးခွံအခြေခံဘက်ထရီကာဗွန်ပေါင်းစပ်ဆေးနှင့် ခဲကာဗွန်ဘက်ထရီ အမစွန်းစသည့် အဓိကနည်းပညာ၊ စွမ်းဆောင်ရည်မြင့်ခဲ-ကာဗွန်ဘက်ထရီထုတ်လုပ်ခြင်းတို့ကို ဖော်ဆောင်နိုင်ခဲ့ပါ သည်။ သာမန် ကာဗွန်အက်စစ်ဘက်ထရီဖြင့် နှိုင်းယှဉ်ပါက ခဲ-ကာဗွန်ဘက်ထရီ၏ လှည့်ပတ်မှုသက်တမ်းမှာ (၆)ဆခန့်၊ အားသွင်းမှု မြန်နှုန်းမှာ (၈)ဆခန့်၊ လျှပ်စစ်ထုတ်လွှတ်မှုနှုန်းမှာ (၃)ဆခန့် မြင့်တက်ခဲ့သည့်အပြင် အရင်းနည်းပါးသော အားသာချက်လည်းရှိကြောင်း သိရပါသည်။
www.xinhua.com မှ ကောက်နုတ်ဖော်ပြသည်။