Myanmar မှာ ဝက်ဆိုက်
မြန်မာကုန်သည်များ တရုတ်နိုင်ငံ ဝူချိန်သို့သွားရောက် ငရုတ်ကုန်သွယ်မှုပူးပေါင်းရန်သဘောတူညီမှုရရှိခဲ့ မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်သွားမည်

စက်တင်ဘာလ၊ ၁၄ ရက်နေ့က မြန်မာနိုင်ငံရှင်းကျင်းမိန်ကုမ္ပဏီလီမိတက်မှ အဖွဲ့ဝင်(၇)ဦးပါသော ကိုယ်စား လှယ်အဖွဲ့သည် တယ်ကျိုးသို့ သွားရောက်ကာ ဝူချိန်ခရိုင် ကျုံးကျောင်းယင်းချောင်ငရုတ်လုပ်ငန်းကုမ္ပဏီနှင့် စီမံကိန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရပါသည်။

မြန်မာနိုင်ငံ ရှင်းကျင်းမိန်ကုမ္ပဏီလီမိတက်သည် ယခုနှစ် လုပ်ငန်းများအရှေ့တောင်အာရှဒေသ သို့ ဝင်ရောက်စဉ် တရုတ်နိုင်ငံ ကျုံးကျောင်းယင်းချောင်ငရုတ်လုပ်ငန်းသည် ချိတ်ဆက်သောလုပ်ငန်းများအနက် တစ်ခုဖြစ် ပြီး ထိုကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အဓိကအားဖြင့် ငရုတ်၊ ကော်ပဲသီးနှံမျိုးစုံစသည်တို့ကို ကုန်သွယ်မှုပြု လုပ် လျက် ရှိပါသည်။ ယင်းချောင်ကုမ္ပဏီသည် ငရုတ်စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ အချောကိုင်မှုစသည့်ကဏ္ဍတွင် ခေတ်မီနည်း ပညာနှင့် အတွေ့အကြုံများစွာရှိပြီး၊ နှစ်ဦးနှစ်ဖက်မှ ငရုတ်သီးထုတ်လုပ်မှုလုပ်ငန်း၏ ကြီးမားသော ပူးပေါင်း ဆောင် ရွက်မှုအလားအလာအပေါ်  နက်ရှိုင်းစွာ ဖလှယ်မှုများပြုလုပ်ခဲ့ကြပါသည်။

မြန်မာကုန်သည်များ၏ယခုအကြိမ်ခရီးစဉ်တွင် နှစ်ဖက် သဘောတူညီမှုများရရှိခဲ့ပြီး ငရုတ်သီး ထုတ်လုပ်မှု ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှစတင်ကာ တစ်ဖြည်းဖြည်းစူးစမ်းလေ့လာသွားပြီး နည်းပညာနှင့် ငွေကြေး ပူး ပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အာဆီယံနိုင်ငံများအထိ ငရုတ်ဈေးကွက်ကို အတူတကွဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ဝူချိန်ခရိုင်သည် လုပ်ငန်းများအရှေ့တောင်အာရှသို့ဝင်ရောက်ခြင်းကို ပြည်ပသို့တိုးချဲ့သည့် အရေးကြီးအခွင့် အလမ်းအဖြစ်သတ်မှတ်ကာ ခရိုင်ဒေသတွင်း လုပ်ငန်းတည်ငြိမ်မှု၊ တိကျမှု၊ အကျိုးသက်ရောက်မှုမြင့်မားစွာဖြင့် အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ဝူချိန်မှ အစိုးရအဆင့် မိတ်ဆက်ခြင်း ဖြင့် (၃)နှစ်အတွင်း အာဆီယံနိုင်ငံများကို လွှမ်းခြုံသွားနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။ လုပ်ငန်း အဆင့် ဖွဲ့စည်းမှု ခရိုင်ဒေသတွင်း အာဆီယံနိုင်ငံဖြင့် ချိတ်ဆက်မှုရှိသော သို့မဟုတ် အာဆီယံလုပ်ငန်းများ ချဲ့ ထွင်လိုသော လုပ်ငန်းများအားလုံးကို အာဆီယံနိုင်ငံတွင်လွှမ်းခြုံရန်နှင့် ချိတ်ဆက်ဖလှယ်သွားနိုင်ရန်အတွက် အ ကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။

www.iqilu.com မှကောက်နုတ်ဖော်ပြသည်။ 

新闻推荐