Myanmar မှာ ဝက်ဆိုက်
တရုတ်ယွမ်ငွေ အပြည်ပြည်ဆိုင်ရာဖြစ်လာခြင်းက အာဖရိကတွင် ခြေလှမ်း ပိုမိုလျင်မြန်

  တရုတ်နိုင်ငံနှင့်အာဖရိကနိုင်ငံတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် နက်ရှိုင်းလာသည်နှင့်အမျှ တရုတ် ယွမ်ငွေ၏ အာဖရိကတိုက်တွင် အကျိုးသက်ရောက်မှုမှာ တစ်ဖြည်းဖြည်းကြီးမားလာပါသည်။ တရုတ်ယွမ်ငွေ၏ တရုတ်-အာဖရိကကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပငွေစုဆောင်းမှုဖွဲ့စည်းပုံကောင်းမွန်လာခြင်း၊ ငွေကြေးစနစ် တည်ငြိမ်ခြင်းစသည့် ကဏ္ဍတွင် ကောင်းကျိုးများ ဖြစ်ပေါ်လာစေမှုမှာလည်း တစ်နေ့တစ်ခြား အာဖရိကနိုင်ငံ၏ အလေး ထားမှုကို ရရှိခဲ့ကြောင်း သိရပါသည်။

  စက်တင်ဘာလ၊ ၁ ရက်နေ့က ပေကျင်းမြို့တွင်ကျင်းပသော တရုတ်-အာဖရိကအရာရှိပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ် ငန်းရှင်ကိုယ်စားလှယ်အဆင့်မြင့်အရာရှိများဆွေးနွေးပွဲနှင့် ဆဌမအကြိမ်မြောက် တရုတ်-အာဖရိကလုပ်ငန်းရှင်အစည်း အ ဝေးပွဲ၌ Standard ဘဏ်အုပ်စု CEO Sim Tshabalalaမှ နိုင်ငံတကာစီးပွားရေးသတင်းစာ တိုက်၏ သတင်းထောက် အင်တာဗျူးကို လက်ခံဖြေဆိုရာတွင် အာဖရိကတွင် တရုတ်ယွမ်ငွေ၏ အပြည်ပြည်ဆိုင်ရာဖြစ်လာ နှုန်းမှာ အလွန် လျင်မြန် ပါသည်။ တရုတ်ယွမ်ငွေ၏ လက်ရှိ အာဖရိကငွေကြေးလုပ်ငန်းတွင် အသုံးပြုသောအချိုးအစား မကြီးမားသေး သော်လည်း အာဖရိကနိုင်ငံမှ တရုတ်နိုင်ငံကုန်စည်များကို အများအပြားဝယ်ယူလျက်ရှိပြီး အကယ်၍ တရုတ်ယွမ် ငွေဖြင့် ပေးချေလျှင် အရင်းအနှီး ပို၍သက်သာမည်ဖြစ်ပါသည်။ မကြာမီအနာဂတ်တွင် တရုတ်ယွမ်ငွေ၏ အပြည်ပြည် ဆိုင် ရာဖြစ်လာ မှုမှာ အာဖရိကနိုင်ငံတွင် ခြေလှမ်းပိုမိုလျင်မြန်လာမည်ဖြစ်ကြောင်း သိရပါသည်။

  www.comnews.cn မှကောက်နုတ်ဖော်ပြသည်။

新闻推荐